မင်းအတွက်ဆို~ ~

Morena
စူးနစ်နာကျင် စိတ်မရွှင်တောင်
ပြုံးပြနိုင်စွမ်း ရှိပါသည်။

လူးလွန့်မသာ ရုန်းမနိုင်တောင်
ဖေးကူနိုင်စွမ်း ရှိပါသည်။

စိမ်းကားရက်စက် ပြတ်သားသွားတောင်
နားလည်နိုင်စွမ်း ရှိပါသည်။

ချစ်သူကလို မင်းအတွက်ဆို
ချစ်သံယောဇဉ် ကြိုးမျှင်မျှင်ကို
ဖြတ်ပေးနိုင်စွမ်း ရှိပါသည်။

Morena
04 June 2010


Bookmark and Share